Sunday, January 24, 2016

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကွန်ဒိုမီနီယံ ဥပဒေကြမ်း နှင့် ဆိုင်ရာ သတင်းများ”

အိမ်ခြံမြေ လမ်းဆုံ's photo.

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့
ကွန်ဒိုမီနီယံ ဥပဒေကြမ်း နှင့် ဆိုင်ရာ သတင်းများ”
၁။ "မြေဧရိယာ အနည်းဆုံး စတုရန်းပေ၂၀၀၀၀ နှင့် အထက်
ရှိရန်နှင့် နိုင်ငံခြားသားများ ရာခိုင်နှုန်း ၄၀ အထိ ပိုင်ဆိုင်မှု
ရရှိနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း
ပြည်ထောင်စုလွှတ်တော် အတည်ပြု"
စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေဧရိယာသည်
အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည့် အချက်
အပါအ၀င် နိုင်ငံခြားသားပိုင်ဆိုင်မှုအဖြစ် ရာခိုင်နှုန်း ၄၀ ရှိမည့်
အချက်များ အပါအ၀င် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ
ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က
ဇန်န ၀ါရီ ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
စုပေါင်းပိုင် အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသော
အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ
ရောင်းချနိုင်ခွင့် ရှိသည်ဟု ဥပဒေတွင် ထည့်သွင်း၍
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ထို့ပြင် စုပေါင်းပိုင်မြေပေါ်တွင် စုပေါင်းအဆောက်အအုံအပြင်
ဆောက်လုပ်ထားသော ခြောက်ထပ်နှင့်အထက်ရှိသည့်
အထပ်မြင့် အဆောက်အအုံကို ဆိုလိုကြောင်း၊
စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက်
မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်
ရှိရမည်ဟု ပြင်ဆင်ကာ အတည်ပြုခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံတစ်ခု
ဖြစ်ရန် သတ်မှတ်အထပ်အရေအတွက်၊အိမ်ခန်းအရေအတွက်၊
လုံလောက်သော ယာဉ်ရပ်နားရန်နေရာနှင့် စုပေါင်းပိုင်သူများ
အသုံးပြုရန် စီမံထားရှိရမည့် စုပေါင်းပိုင်ပစ္စည်းများ၊
ယင်းအဆောက်အအုံနှင့် ပစ္စည်းများ၏ နည်းပညာ
အဆင့်အတန်း၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး
ဆိုင်ရာများ စသည်ဖြင့် စံချိန်စံညွှန်းများကို
သတ်မှတ်ထားရမည်ဟု ပြည်ထောင်စု လွှတ်တော်က
အတည်ပြုခဲ့သည်။
“ * ကွန်ဒိုတိုက်ခန်းမှာနေတဲ့ ပြည်သူတွေ အနေနဲ့ကတော့
ကွန်ဒိုကစုပေါင်းပိုင်ဖြစ်သွားတဲ့အတွက် ဒီမြေကို တိုက်ခန်းပိုင်၊
မြေပိုင်စနစ်မျိုး ဖြစ်သွားမယ်။ ကန်ထရိုက်ကတစ်ဝက်၊
မြေပိုင်ကတစ်ဝက် အကျိုးတူဆောက်ပေမယ့် မြေကို
ကန်ထရိုက်လည်း စွန့်လွှတ်လိုက်ရမယ်။ မြေပိုင်လည်း
စွန့်လွှတ်လိုက်ရမယ်။ ဒီမြေနဲ့ တိုက်ခန်းအသီးသီးကို တိုက်ခန်း
ဝယ်ထားတဲ့သူတွေကပဲ ပိုင်သွားမှာဖြစ်တယ်။
ပြည်သူတွေအနေနဲ့ ကွန်ဒိုမှာနေတဲ့သူတွေဟာ ဒီကွန်ဒိုကြီး
ပျက်စီးသွားရင်တောင်မှ မြေပေါ်မှာ အကျိုးခံစားခွင့်
ဆက်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေနဲ့ အညီ
ဆောက်ပြီးတော့ စုပေါင်းပိုင်ခံစားကြမယ်ဆိုရင်
မြေပျောက်သွားတာ၊ ကန်ထရိုက်လက်ထဲကို
ရောက်သွားတာတွေ၊ ကန်ထရိုက်စားသွားတာတွေ
မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ဒီတိုက်ခန်းတွေကို ဘဏ်မှာ
တရားဝင်ပေါင်နှံခွင့် ရရှိသွားမှာလည်းဖြစ်တယ် * ” ဟု
အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခိုင်မောင်ရည်က ပြောကြားသည်။
ထို့ပြင်
- နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများတွင်
ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သော်လည်း စီမံခန့်ခွဲမှုကို ရရှိမည်
မဟုတ်ကြောင်း၊
- စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီးပါက
လက်ရှိတွင် တည်ဆောက်ထားပြီးဖြစ်သည့်
ကွန်ဒိုတိုက်ခန်းများသည် ယခုဥပဒေနှင့် ညီညွတ်ပါက
အကျုံးဝင်မည်ဖြစ်ပြီး ဥပဒေပါအကျိုးခံစားခွင့်များကို ခံစားခွင့်
ရရှိမည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က
ဆက်လက်ပြောကြားသည်။
(စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်)
***
၂။ "ကွန်ဒိုဥပဒေလွှတ်တော်အတည်ပြု၍ ကွန်ဒိုခန်းများ
ဈေးတက်မည်ဟုခန့်မှန်း"
ပြည်တွင်းရှိကွန်ဒို မီနီယံ(စုပေါင်းပိုင်အဆောက်အအုံ)များတွင်
၄၀ရာခိုင်နှုန်းထက်မပိုသော
အိမ်ခန်းများကိုနိုင်ငံခြားသားများအား
ရောင်းချခွင့်ရှိသည်ဆိုသောအချက်ပါဝင်သည့် စုပေါင်းပိုင်
အဆောက်အအုံဆိုင်ရာတွင်ဥပဒေကြမ်းကို ဇန်န၀ါရီ၂၂ရက်တွင်
ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုလိုက်သည်။
နိုင်ငံခြားသားအား အိမ်ခန်း များကို ရောင်းသင့်၊ မရောင်းသင့်
အချက်အပါအ၀င် စုပေါင်းပိုင်အဆောက်အအုံ
သတ်မှတ်ချက်များ ကို လွှတ်တော်တွင် သုံးနှစ်ကြာ အချိန်ယူ
ဆွေးနွေးပြီးနောက် စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ)
ဥပဒေကြမ်းကို ပြည် ထောင်စုလွှတ်တော်က
အတည် ပြုလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသားများကို ကွန်ဒို မီနီယံတိုက်ခန်းဝယ်ယူခွင့်
၄၀ရာ ခိုင်နှုန်းရှိသည်ဆိုသောကြောင့်အ ခန်းဆယ်ခန်းပါသည့်
တိုက်တစ်လုံးတွင် နိုင်ငံခြားသားသည် အခန်းလေးခန်းအထိ
ဝယ်ယူခွင့်ရှိ မည်ဖြစ်သည်။
‘‘ဆောက်လုပ်ရေးလုပ်ငန်း တွေ တစ်ကျော့ပြန်ပြီး ရှင်သန်ဖို့
အခွင့်အရေးပဲပေါ့ဗျာ’’ဟု မြန်မာ နိုင်ငံဆောက်လုပ်ရေး
လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးရန်ဝင်းကပြောသည်။
‘‘ဒီဥပဒေက အပြင်မှာစောင့်နေတဲ့သူတွေများတယ်။
ဥပဒေမထွက်သေးလို့ အဆောက်အအုံ တွေ
ရပ်ထားတာရှိပါတယ်။
ခုတော့လုပ်ငန်းတွေပြန်အသက် ၀င်လာလိမ့်မယ်’’ဟု
ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ် သည့် အမျိုးသား
လွှတ်တော်ကိုယ် စားလှယ် ဇေကမ္ဘာဦးခင်ရွှေက ပြောသည်။
နိုင်ငံခြားသားများကို အိမ် ခန်းများရောင်းချခွင့်ပြုခြင်းသည်
လုပ်ငန်းရှင်များအတွက် အဆင် ပြေရုံသာမက ဆောက်လုပ်ရေး
လုပ်ငန်းများပြန်လည်အသက်ဝင် လာပါက အလုပ်အကိုင်အခွင့်
အလမ်းများလည်း ပွင့်လင်းလာမည် ဖြစ်ကာ နိုင်ငံတော်
အတွက်လည်း နိုင်ငံခြားဝင်ငွေရရှိလာမည်ဟု
ဇေကမ္ဘာဦးခင်ရွှေကပြောသည်။
ကွန်ဒိုမီနီယံတွင် နိုင်ငံခြားသားများကို အိမ်ခန်းများရောင်းချခွင့်
ပေးထားသော်လည်း ဥပဒေကြမ်းအရ မြေပိုင်ဆိုင်မှုမရရှိကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောသည်။
* အတည်ပြုလိုက်သော ဥပဒေကြမ်းတွင်
စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာ ယင်းဥပဒေအရ
မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင်
စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော
ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကို
ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ *
အဆိုပါဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေးအတွက်
နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် သမ္မတထံ
ပြည်ထောင်စုလွှတ်တော်က ပေးပို့မည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံခြားသားများကို အိမ်ခြံမြေများဝယ်ယူခွင့်
ပေးမထားသော်လည်း မြန်မာနိုင်ငံသားတစ်ဦးကို အမည်ခံကာ
နိုင်ငံခြားသားများက အိမ်ခြံမြေများဝယ်ယူမှုအချို့ရှိနေကြောင်း
စီးပွားရေးလုပ်ငန်းရှင်လွှတ်တော်ကိုယ်စားလှယ်အချို့က
ပြောကြသည်။
မြန်မာနိုင်ငံတွင် မြေယာ၊အ ဆောက်အအုံများအား
နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ကို ယခုအစိုးရလက်ထက်မှစတင်၍
မူဝါဒများ အပြောင်းအလဲပြုလုပ်လာသည်။
၂၀၁၂ တွင် ထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၌
မြေငှားရမ်းခွင့်ကာလကို စီးပွားရေးလုပ်ငန်းအမျိုးအစား၊
ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီး ကနဦး နှစ် ၅၀၊
နောက်ပိုင်းတွင် ၁၀နှစ် နှစ်ကြိမ်ခွင့်ပြုပေးထားသည်။
ငှားရမ်းခွင့်ပြုသည့်မြေအ မျိုးအစားနှင့်ပတ်သက်၍လည်း
ပုဂ္ဂလိကပိုင်မြေ၊ အစိုးရပိုင်မြေ များကို လွတ်လပ်စွာငှားရမ်းခွင့်
ပြုထားကြောင်းမြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က
တရားဝင် ကြေညာထားသည်။
ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားသား မြေငှားရမ်းခွင့်ကို
အစိုးရမြေတစ်ခုကိုသာ ခွင့်ပြုပေးထားသည်။ထို့ ကြောင့်
အမည်ခံမြေငှားရမ်းမှုများရှိခဲ့သည်။
ထို့အတူ နိုင်ငံခြားသားများတိုက်ခန်းပိုင်ဆိုင်ခွင့်ကို ယခင်က
ခွင့်မပြုသဖြင့် အမည်ခံဝယ်ယူမှုများရှိခဲ့သည်။ လက်ရှိဥပဒေ
ထွက်ပေါ်လာပါက အမည်ခံတိုက်ခန်းဝယ်ယူမှုများမရှိနိုင်
တော့ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်
ဦးသန်းဦးကပြောသည်။
ထို့အပြင် တရားဝင်ဝယ်ယူခွင့်ပြုသောကြောင့် နိုင်ငံတော်မှ
အခွန်ငွေပိုမိုရရှိလာမည်ဖြစ်သည်။
(သတင်းအဖွဲ့- 7day)
***
၃။ "ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ခွင့်
ပေးလိုက်ပြီ"
ပြည်ထောင်စု လွှတ်တော်မှာ ဇန်နဝါရီ ၂၂ ရက် နေ့ တုန်းက
အတည် ပြုလိုက်တဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ
အရ ကွန်ဒို တိုက်ခန်း တွေကို နိုင်ငံ ခြားသား တွေ ဆီ
ရောင်းချ ခွင့် ပေးလိုက်ပါတယ်။
၆ ထပ် နဲ့ အထက် မြင့်တဲ့ အဆောက်အဦတွေမှာ ရှိတဲ့ စုစုပေါင်း
တိုက်ခန်း အရေအတွက် ရဲ့ ၄၀ % အထိ နိုင်ငံ ခြားသား တွေကို
ရောင်းချ နိုင်ပြီ ဖြစ်ပါတယ်။
လက်ရှိ အိမ်မြေ တိုက်တာ ဈေးနှုန်း ကြီးမြင့်နေပြီး ရေရှည်အထိ
အခုလို ဈေး ပေါက်နေနိုင် ဦးမှာလား ဆိုတဲ့ တွက်ဆ မှု နဲ့
တကယ်တမ်း ကွန်ဒို တိုက်ခန်း တွေ အပိုင်ဝယ်မယ့်
နိုင်ငံခြားသား အရေအတွက် နည်းနိုင်တယ်လို့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ အကြံပေး တစ်ဦးက ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က
မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာတွေ
ရှိနေတဲ့ အတွက် အခုလို တရားဝင် ဝယ်ခွင့် ပေးလိုက်တဲ့ အခါ
တိုင်းပြည် အတွက် အခွန် ဘဏ္ဍာ ပိုရလာမယ့် အပြင်
အရောင်းအဝယ် ဈေးကွက် လည်း ပိုပြီး သွက်လာလိမ့်မယ်ဆိုပြီး
ဆောက်လုပ်ရေး လုပ်ငန်းရှင် တော်တော် များများ က
မျှော်လင့် နေကြ ပါတယ်။
တစ်ဘက်မှာလည်း အခုလို နိုင်ငံခြားသားတွေ ပါ ဝယ်ယူခွင့်
ရလာလို့ အိမ်ခြံ မြေဈေးတွေ ပိုတက်လာ မှာကို စိုးရိမ်သူတွေ
လည်း ရှိနေပါတယ်။
တစ်နှစ် ခွဲကျော် ကြာ ဥပဒေကြမ်း ကို ဆွေးနွေး ခဲ့ပြီးတဲ့ နောက်
အခုလို ဥပဒေ အခိုင်အမာ အနေနဲ့ ပေါ်ထွက် လာတဲ့ နောက်
ကွန်ဒို တိုက်ခန်း တွေ ခိုင်မှာ မှု ရှိတာ ရယ်၊ ဘဏ်တွေ မှာ
ပေါင်ခွင့် ရရှိမှာရယ် စတဲ့ အချက်တွေ ကြောင့်
ကွန်ဒို တိုက်ခန်း ကို စိတ်ဝင်စားသူ တွေ များလာ နိုင်တယ်
ဆိုပြီး သုံးသပ် သူတွေ လည်း ရှိ နေ ကြပါတယ်။
credit - Eleven Media Group / 7day daily
& BBC Burmese
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/812456528863288/?type=3